ငါးနီတူခြောက် ဈေးနှုန်း ဈေးကွက်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်သည် ပင်လယ်နှင့်နီသော ဖျာပုံမြို့နယ်ဒေသထွက် ပင်လယ်ငါးခြောက်များ ရောင်းချလျက်ရှိသည်။ ငါးခြောက်ရောင်းချသော ဆိုင် ၂၀ ခန့်ရှိပြီး ဖျာပုံဒေသထွက် ပင်လယ်ငါးခြောက်များကို မှာယူရောင်းချလျက်ရှိပါသည်။

     ရောင်းချသော ငါးနီတူခြောက်များ၏ ဈေးနှုန်းများမှာ ရှယ် ၁ပိဿာလျှင် လက်ကားဈေး ၃၈၀၀၀ကျပ်၊ အလတ် ၃၅၀၀၀ကျပ်၊ အညံ ၁ပိဿာ ၂၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ငါးနီတူခြောက်များ ယခုအချိန်တွင် မိုးအေးသဖြင့် ဈေးအနည်းငယ်ကျဆင်းနေပြီး၊ ပွင်းလင်းရာသီများတွင် ဈေးပိုမိုကောင်းကြောင်း ငါးခြောက်ရောင်းချသူမှ ပြောပြသည်။ ဖျာပုံပင်ရင်းဒိုင်များမှ မှာယူရောင်းချရသဖြင့် အကျိူးအမြတ်ကြံရှိကြောင်း ယခင်ဈေးနှုန်းဖြင့် နှိုင်းယှဉ်ပါက ငွေကျပ် ၄၀၀၀-၅၀၀၀ကျပ်နီးပါး ကျဆင်းကြောင်း သိရသည်။

DOCA(ဧရာဝတီ)