မအူပင်မြို့နယ်တွင် ရောင်းချနေသော ဩဇာသီး ဈေးနှုန်း

Powered by Drupal

      မအူပင်ခရိုင်၊ မအူပင်မြို့နယ် ဈေးကွက်အတွင်းတွင် ပြည်ဒေသထွက် ဩဇာသီးများ ဝင်ရောက်လျက်ရှိပြီး ဈေးအတွင်း ရောင်းချနေကြောင်း တွေ့ရှိရသည်။ ဩဇာသီးပေါ်ချိန်တွင် အရောင်းအဝယ်သွက်လျက်ရှိသည်။ ဩဇာသီးများကို ရန်ကုန်သီရိမင်္ဂလာဈေးမှ မှာယူရောင်းချကြောင်း သိရသည်။

       ရောင်းချသော ဈေးနှုန်း အနေဖြင့် ဩဇာသီး ၁လုံးလျှင် ၈၀၀-၁၀၀၀ ကျပ်ဖြင့် ရောင်းချနေကြောင်း ဈေးကွက်အတါင်းမှ သိရှိရပြီး၊ ရန်ကုန်မှ ဩဇာသီး ရာခြင်းဈေး ၈၀၀၀၀- ၁၀၀၀၀၀ကျပ်ဖြင့် ဝယ်ယူရပြီး အကြီးအသေးပေါ်မူတည်၍ ဈေးကွဲပြားစွာ ရောင်းချရကြောင်း ၊ တစ်နေ့လျှင် ဩဇာသီး ရောင်းချသော ဆိုင်များမှ အလုံးရေ ၃၀၀၀ကျော်ရောင်းချရကြောင်း၊ ယခင်ဈေးဖြင့် နှိုင်းယှဉ်ပါက ဈေးနှုန်း အနည်းငယ်ကျဆင်းပြီး ကြောင်း သိရသည်။  ဩဇာသီးပေါ်ချိန်တွင် မအူပင်ဈေးကွက်အတွင်း ၁လုံး ၁၅၀၀ကျပ်ထိ ရောင်းချရကြောင်း သိရသည်။

DOCA(ဧရာဝတီ)