ကျိုက်လတ်မြို့ရှိ ကုန်စုံဆိုင်များတွင် ဘူးဆီများကို ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစိစစ်ခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့၊  နံနက် (၁၀:၃၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ မြို့မဈေးအပြင်တန်းရှိ ကုန်စုံဆိုင်များ တွင် ရောင်းချနေသော ဘူးဆီများအား FDA ထောက်ခံချက် ပါဝင်မှုရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြပါ သည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့မဈေးနှင့် မြို့မဈေးအပြင်တန်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ဘူးဆီများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါရှိပြီး FDA ထောက်ခံချက် အမှတ်များပါဝင်မှုရှိသည်ကိုလည်း တွေ့ရှိရပါသည်။ထို့နောက် မြို့နယ်တာဝန်ခံမှ ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာ မပါဝင်သော ကုန်စည်များအား ရောင်းချခြင်းမပြုရန် အကြံပြုခဲ့ကြောင်း သတင်း ရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)