သဘာဝဓာတ်ငွေ့ကို ဦးစားပေးရန်အတွက် ကောမတီဖွဲ့စည်းလိုက်သည့် ဖိလစ်ပိုင်နိုင်ငံမှ DOE

Powered by Drupal

           ဖိလစ်ပိုင်နိုင်ငံ စွမ်းအင်ဦးစီးဌာန (DOE) သည် ပြည်ပတင်သွင်းထောက်ပံ့မှုထက် ပြည်တွင်း သဘာဝဓာတ်‌‌ငွေ့များအပေါ် အလေးထားလုပ်ဆောင်မှုအပေါ် ကြီးကြပ်ကွပ်ကဲရန်အတွက် အဆင့်မြင့် အကဲခတ်တွက်ချက်ရေးကော်မတီ (REC) အား ဖွဲ့စည်းတည်ထောင်လိုက်ကြောင်း သိရပါသည်။ REC သည် သတ်မှတ်ထားသော သတ်မှတ်ထားသော စည်းမျဥ်းစည်းကမ်းများနှင့်အညီ လိုက်လျောညီထွေရှိစေရန် ထောက်ပို့သူများမှ လက်ခံထားသော စျေးနှုန်းနည်း စနစ်များကို စောင့်ကြည့်ရန် ဆောင်ရွက်နေကြောင်း သိရပါသည်။ DOE ၏ လက်အောက်ရှိ စွမ်းအင်အရင်း အမြစ်ဖွံ့ဖြိုးတိုးတက်မှု ဗျူရို (ERDB) နှင့် လောင်စာဆီခန့်ခွဲမှုဗျူရို (OIMB) တို့သည် အဆိုပါ ကော်မတီတွင် သဘာပတိအဖြစ် DOE မှ တစ်ခြားသော တရားဝင်စာ မထုတ်ပြန်ခင်အထိ ကြီးကြပ်ကွပ်ကဲရမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ‌ကော်မတီတွင် ERDB နှင့် OIMB တို့ကို ကြီးကြပ်ကွပ်ကဲသည့် DOE မှ လက်ထောက်အတွင်းရေးမှူးဆိုသူက ကိုယ်စားသဘာပတိအဖြစ်လည်းကောင်း၊ ERDB၊ OIMB တို့က အဖွဲ့ဝင်များအဖြစ်လည်းကောင်း စသဖြင့် အသီးသီးပါဝင် ကြောင်းသိရပါသည်။ အဆိုပါ REC ကို နည်းပညာဆိုင်ရာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အ‌ထောက်အကူများ ထောက်ပံ့နိုင်ရန်အတွက် ERDB လက်ထောက်ညွှန်ကြားရေးမှူးဦးဆောင်သော နည်းပညာဆိုင်ရာ အလုပ်သမားအဖွဲ့ ဖန်တီးမည့် ကြေညာစာတမ်းအား ထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။ အဆိုပါ လုပ်ဆောင်မှုသည် ဖိလစ်ပိုင်နိုင်ငံ၏ စွမ်းအင်တင်ပို့မှု မှီခိုမှုအား လျော့ချနိုင်ရန် ဖြစ်ကြောင်းသိရပါသည်။ ပြည်တွင်းသဘာဝဓာတ်ငွေ့များ အသုံးချခြင်းသည် သန့်စင်သော လျှပ်စစ်ထောက်ပံ့မှုများကို ပြုလုပ်နိုင်ရုံသာမက ခရီးရှည်တင်ပို့ဖြန့်ဖြူးရသည့် ကုန်ကျစရိတ်ကိုပါ သက်သာစေနိုင်ကြောင်း သိရပါသည်။ ရလဒ်အနေဖြင့် လျှပ်စစ်ပစ္စည်း စျေးနှုန်းများကိုလျော့ကျ စေနိုင်ကြောင်း သိရပါသည်။

Source: Philstar

DOCA (ရန်ကုန်)