တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု သြဂုတ်လတွင် ၃.၅ ရာခိုင်နှုန်းတိုးတက်

Powered by Drupal

          တရုတ်နိုင်ငံ၏ ကုန်စည်တင်သွင်းမှုနှင့်တင်ပို့မှု စုစုပေါင်းသည် သြဂုတ်လတွင် ယခင်နှစ်ကထက် ၃.၅ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး တင်ပို့မှုနှင့် တင်သွင်းမှုနှစ်ခုလုံးတိုးတက်ခဲ့ကြောင်း စက်တင်ဘာ လ ၈ ရက်နေ့ထုတ်ပြန်သော တရားဝင်အချက်အလက်များအရ သိရပါသည်။

          ဇန်နဝါရီ-သြဂုတ်လအတွင်း တရုတ်နိုင်ငံ၏ ကုန်စည်များကုန်သွယ်မှုသည် ယခင်နှစ်ကထက် ၃.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း အကောက်ခွန်ဌာန၏ ပြောကြားချက်အရ သိရပါသည်။

          ဇန်နဝါရီ-သြဂုတ်လအတွင်း တစ်ခုလုံး၏ တိုးတက်မှုကို တင်ပို့မှုက ဦးဆောင်ခဲ့ပြီး ယခင်နှစ်ကထက် ၆.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ တင်သွင်းမှုမှာ ၁.၂  ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                   

DOCA(ရန်ကုန်)