မြိတ်မြို့၊ စားသုံးသူရေးရာဦးစီးဌာနတွင် ဒူးရင်းလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

    ၂၀၂၅ခုနှစ်၊ သြဂုတ်လ(၈)ရက်နေ့၊ နံနက်(၁၀း၃၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးတွင် ခရိုင်ဦးစီးမှူးနှင့် ဒူးရင်းလုပ်ငန်းရှင်တို့ တွေ့ဆုံ ပြီး ဒူးရင်းအနှစ်ထုတ်ကုန်ထုတ်လုပ်နိုင်ရေး လိုအပ်သောအချက်များနှင့် ကုန်အညွှန်းအမှတ်အသား အကြောင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

    ဒူးရင်းအနှစ်ထုတ်ကုန်အနေဖြင့် စားသောက်ကုန်ထောက်ခံချက်ပြုလုပ်ပြီး မြန်မာဘာသာ ဖြင့် ကုန်အမှတ်တံဆိပ်၊ အမျိုးအစား၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဘေးထွက် ဆိုးကျိုးစသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကုန်အညွှန်း အမှတ်အသားဖော်ပြချက်ပြည့်စုံပါက ရုံးသို့လာရောက်လျှောက်ထားနိုင်ကြောင်း လက်ကမ်းစာစောင်များဖြန့်ဝေ၍ ဘေးအန္တရာယ်ကင်းရှင်စွာထုတ်လုပ်ရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တန‌င်္သာရီ)