
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၅.၉.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၃:၀၀)အချိန်တွင် ဟင်္သာတမြို့၊ ကံလှရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးအိမ်၌ ရပ်ကွက်နေ ပြည်သူများအား စားအုန်းဆီဝယ်ယူခွင့် စာအုပ် များ ဖြင့် ဆီဖြန့်ဖြူး ရောင်းချနေမှုများအား ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ဟင်္သာတခရိုင် ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှ တစ် ဆင့် ခွဲတမ်းရရှိသောဆီများအား ကံလှကျေးရွာရှိ ဆီထုတ်ကိုယ်စားလှယ်မှ တစ်ဆင့် စားသုံးသူများ ထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၊ ထိုသို့ရောင်းချ ရာတွင်လည်း စားအုန်းဆီ သတ်မှတ်ရည်ညွှန်းဈေး ထက် ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ စာအုပ်များ ထားရှိခြင်း၊ သတ် မှတ်ရည် ညွှန်းဈေးဖြင့်သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ် ပြီး သိုလှောင်ထားခြင်းများမရှိကြောင်း သိရှိရပါသည်။ စာအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် တစ်ကြိမ်လျှင် တစ်အိမ်ထောင် (၅၀ ကျပ်သား) ရောင်းချပြီး သတ်မှတ်ရည်ညွှန်းဈေး ဖြင့်သာ ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။
(DOCA ဧရာဝတီ)