ဘိုကလေးမြို့ နတ်ချောင်းကျေးရွာ (အ.မ.က) ကျောင်းရှိ ကျောင်းသား/သူများအား စားသုံးသူ ကာကွယ်ရေး အသိပညာပေး ဟောပြော

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ နတ်ချောင်းကျေးရွာ (အ.မ.က) ကျောင်းရှိ ဆရာ/မ၊ ကျောင်းသား/သူ (၁၆၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ကိုဆောင် ရွက်ခဲ့ပါသည်။

          အဆိုပါ ‌ဟောပြောပွဲတွင် ပြန်/ဆက်ဦးစီးဌာနမှ ကလေးများအား စာဖတ်နည်း (၃) နည်းအကြောင်း ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စားသုံးရန် မသင့်သော အစားအစာများအကြောင်း၊ ဘေးအန္တရာယ်ရှိသော ဓာတုဆိုးဆေးများအကြောင်း၊ ဥပဒေပါဖော်ပြချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ ဈေးကွက်အတွင်း မြန်မာ ဘာသာဖြင့် ရေးသားဖော်ပြထားသော အစားအစာများကို ရွေးချယ်ဝယ်ယူစားသောက် ကြရန်နှင့် စားသုံးသူ၏ အခွင့်အရေးများအကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)