
ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ၊ ကျောင်းသား/သူများ၊ မိခင်နှင့်ကလေး အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် အိုင်အိုဒင်းချို့တဲ့မှုကြောင့် ဖြစ်ပွားသော ရောဂါများ ပပျောက်ရေး လှုပ်ရှားမှုကို (၅.၉.၂၀၂၅) နံနက် (၉:၀၀) နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်များရှိ ဆားစက်များ၊ ဈေးများ၊ ကုန်စုံဆိုင်များတွင် အိုင်အိုဒင်း ရောင်းချမှု အရည်အသွေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင် သာယာရေး အဖွဲ့ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ ရှိ ဆားစက်များ၊ ဈေးများ၊ ကုန်စုံဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသော အိမ်သုံးဆားများတွင် အိုင်အိုဒင်းအရည်အသွေးပြည့်မီမှုရှိ/မရှိ စစ်ဆေးခဲ့ကြပြီး အရည်အသွေးပြည့်မီသော ဆားများကိုသာ ရောင်းချရန်၊ အိုင်အိုဒင်းဓာတ်လေလွင့်ဆုံးရှုံးမှုမရှိစေရေး လုံခြုံစွာ ဖုံးအုပ်အသုံးပြုကြရန်တို့ကို အသိပညာပေးဟောပြောခြင်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်ဟု သတင်းရရှိပါသည်။
(Doca ဧရာဝတီ)