
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မအူပင် စားအုန်းဆီ လက်လီလက်ကား ကိုယ်စားလှယ်များဖြင့် ၂၉-၈-၂၀၂၅ ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်က ဆီရောင်း ချမှု လုပ်ငန်းများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးရာတွင် မအူပင်ခရိုင်မှ ဒုခရိုင်ဦးစီးမှူး ဦးစီးမှူး ဦးအောင်ဇော်ဦးက မိမိတို့ ခရိုင်မှ ကုမ္ပဏီမှ ပေးပို့သော သင်တန်း တက်ရောက်ပြီးသူများ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် သင်တန်းတက်ရောက်ရမည်ဖြစ်ပြီး ဆီလက်လီ/လက်ကားကိုယ်စားလှယ်များအနေဖြင့် ပို့ချပေးသော ဆီရောင်းချမှုနှင့်ပတ်သက်သည့် လုပ်ငန်းများ ကို လိုက်နာဆောင်ရွက်နိုင်ရန်ကို မှာကြားဆွေးနွေးပြီး မိမိတို့လုပ်ငန်းများကို စနစ်တကျဆောင်ရွက် ထားနိုင်ရန်ကို မှာကြားဆွေးနွေးခဲ့ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)