
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ သရက်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် (၅.၉.၂၂၅)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ သရက်မြို့၊ အနောက်ရပ်မြောက်ပိုင်းရပ်ကွက်ရှိ "ပြည့်" ဆီဆိုင်၊ ဈေးရပ်ကွက်ရှိ "ရှိုး" ဆီဆိုင်နှင့် ပြည်တော်အေးရပ်ကွက်ရှိ "စိန်စီ" ဆီဆိုင်သို့ သွားရောက်၍ ဆီရောင်းချမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချ ကြောင်း၊ ဗီနိုင်းချိတ်ဆွဲ၍ ရောင်းချကြောင်း စစ်ဆေးတွေ့ရှိရပြီး သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက် မြှင့်တင်ရောင်းချပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(မကွေး)