
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ စားအုန်းဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့် (၃.၉.၂၀၂၅) ရက်နေ့ နေလည် (၁၃း ၀၀) နာရီ အချိန် တွင် ခရိုင်ဦးစီးမှူး ဦးနိုင်လင်းထွန်းနှင့် ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ခိုင်ရီတို့မှ စားအုန်ဆီလက်လီ၊ လက်ကား ရောင်းချသည့်ကိုယ်စားလှယ် (၄၅) ဦးအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ခရိုင်ဦးစီးမှူးကဆွေးနွေးရာတွင် ဌာန၏လမ်းညွှန်ချက်အရ စားအုန်းဆီကြီးကြပ်ရေးစနစ် (Software) စနစ်အသုံးပြုနိုင်ရန် လက်ပံတန်းမြို့နယ် လက်ကား ကိုယ်စားလှယ်ဖြန့်ဖြူးသည့် စာရင်း၊ လက်ကားကိုယ်စားလှယ်မှ လက်လီကိုယ်စားလှယ်သို့ ဖြန့်ဖြူး သည့်စာရင်း၊ လက်ကား ကိုယ်စားလှယ်မှ လက်လီကိုယ်စားလှယ်သို့ ဖြန့်ဖြူးသည့်စာရင်း၊လက်လီ ကိုယ်စားလှယ်မှ ရပ်ကွက် ကျေးရွာရှိ စားသုံးသူပြည်သူများထံသို့ ဖြန့်ဝေရောင်းချမှု့ ဆောင်ရွက်ခြင်း စနစ်ကို မိမိလက်ကိုင် ဖုန်းထဲတွင် (Software) အသုံးပြုဆောင်ရွက်နိုင်ရေးအား မြို့နယ်တာဝန်ခံနှင့် လက်ကား၊ လက်လီကိုယ်စားလှယ်များအား ရှင်းပြခဲ့ပြီး စားအုန်းဆီဖြန့်ဖြူးရာတွင် မှန်(၆)မှန်ဖြင့် ဆောင်ရွက်ရန် (၁) လက်လီလက်ကားစာရင်းမှန်၊ (၂) နေရာမှန်၊ (၃) အချိန်မှန်၊ (၄) ဈေးနှုန်းမှန်၊ (၅) အရေ အတွက်မှန်၊ (၆) အချိန်အတွယ်နှင့်အရည်အသွေးမှန်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအား ချပြ ဆွေးနွေးဆောင်ရွက်ခဲ့ပြီး၊ တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်း၍ အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ပြီး (၂:၃၀)အချိန်တွင်တွေ့ဆုံဆွေးနွေးပွဲ ရုပ်သိမ်းခဲ့ပါသည်။
DOCA(ပဲခူး)