
ရွှေဖရုံသီးသည် အာဟာရဓာတ်များစွာပြည့်ဝပြီး အရောင်းသွက်လှသောသီးနှံဖြစ်သောကြောင့် မြန်မာနိုင်ငံရှိ ဒေသအများအပြား၌ စိုက်ပျိုးလေ့ရှိပါသည်။ အထူးသဖြင့် မကွေးတိုင်းဒေသကြီးသည် ရွှေဖရုံသီးစိုက်ပျိုးမှု အများဆုံးဒေသဖြစ်ပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင်လည်း စိုက်ပျိုးကြပါသည်။ ရွှေဖရုံသီးသည် ရေဝပ်ခြင်းကိုမကြိုက်ဘဲ သဲဆန်သော မြေကို နှစ်သက်ကာ မိုးရာသီဖြစ်သော ဇွန်လနှင့် ဇူလိုင်လတွင်လည်းကောင်း၊ ဆောင်းရာသီဖြစ်သော အောက်တို ဘာလနှင့် နိုဝင်ဘာလတွင်လည်းကောင်း စိုက်ပျိုးကြပါသည်။
တောင်ငူမြို့နယ်၊ ညောင်ပင်လေးဈေးအတွင်း၌ ရောင်းချနေသော ရွှေဖရုံသီးများကို ရှမ်းပြည်နယ်၊ တောင်ကြီးဘက်မှ အဓိကသယ်ယူရောင်းချလျက်ရှိပြီး ရွှေဖရုံသီးအလုံးသေး ၁လုံးလျှင် ၅၀၀ ကျပ်၊ အလုံးလတ် ၁လုံးလျှင် ၇၀၀ ကျပ်၊ အလုံးကြီး ၁ လုံးလျှင် ၈၀၀ ကျပ်ဖြင့်လည်းကောင်း ရွှေဖရုံသီး အမျိုးအစားအလိုက် ဈေးဝယ်သူများထံသို့ ရောင်းချလျက်ရှိကြောင်းသိရသည်။
DOCA(ပဲခူး)