
၈.၉.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးသည် မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်၌ ဖွင့်လှစ်သော မွန်ပြည်နယ် ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း ရုံးခန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူး၊ စီးပွားရေးနှင့်ဆက်စပ်သည့်ဌာနဆိုင်ရာများ၊ မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းနှင့် ညီနောင်အသင်းမှ အသင်းဝင်များတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)