
ဧရာဝတီတိုင်းဒေကြီး၊ မအူပင်ခရိုင်ဦးစီးမှူး ရုံးမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ၄-၉-၂၀၂၅ ရက်နေ့ နေ့လယ်ပိုင်းက မအူပင်မြို့နယ် ကညင်ဝ ကျေးရွာ အုပ်ချုပ်ရေးမှုးများအား မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် စားအုန်းဆီထုတ်ယူခွင့်စာအုပ်များ စနစ်တကျ အပ်နှံပေးခဲ့ကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးသည် အထက်ဌာနများ၏ လမ်းညွှန်ချက်များနှင့်အညီ စားအုန်းဆီများ ပြည်သူများလက်ဝယ် မှန်ကန်စွာ ရရှိစေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး မြို့ပေါ်ရပ်ကွက် များကို ဆီထုတ်ယူခွင့်စာအုပ်များ ထုတ်ပေးပြီး ဆီများကို ဆီလက်လီအရောင်းဆိုင်များမှ စနစ်တကျရောင်းချပေး လျက်ရှိပါသည်။ ကျေးရွာပြည်သူများပါ စားအုန်းဆီထုတ်ယူခွင့်စာအုပ်ဖြင့် ဆီများ အသုံးပြုနိုင် ရေးကို ဆောင်ရွက်ပေးချက်ရှိပြီး အိမ်ထောင်စု( ၄၉၉ )စု အတွက် ဆီထုတ်ယူခွင့်စာအုပ် (၄၉၉)အုပ်ကို စနစ်တကျ ပေးဝေခဲ့ကြောင်း သိရသည်။ ကျန်ရှိသော ကျေးရွာများသို့လည်း ဆက်လက်ပေးဆောင်နိုင်ရန် ဆောင်ရွက်လျက်ပြီး ကျေးရွာနေပြည်သူများကို ဆီရောင်းချရာတွင် သတ်မှတ်ချက်များနှင့်အညီ ရောင်းချနိုင်ရေး ကိုပါ အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)