ပန်းတနော်မြို့နယ်အတွင်း ရေသန့်နှင့် အသင့်သောက် အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသား များကွင်းဆင်း စစ်ဆေးခြင်း

Powered by Drupal

  မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂-၉-၂၀၂၅ ရက်နေ့ နံနက် ၉ နာရီအချိန်က ပန်းတနော်မြို့နယ်အတွင်း ရောင်းချနေသော ရေသန့်အမျိုးမျိုးနှင့် အသင့်သောက် အချိုရည်အမျိုး မျိုးတွင် ကုန်းအညွှန်းအမှတ်အသား ပါဝင်မှု ရှိမရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်သက်က ပြည်သူ များ ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များ သုံးစွဲနိုင်ရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေး ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဆိုင်ရှင်များကို ပြောကြားပြီး ရောင်းချနေသော ရေသန့်အမျိုးမျိုးနှင့် အသင့်သောက်အချိုရည်များတွင် ဘေးအန္တရာယ်ကင်း ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍. ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာဖော်ပြ ပြည့်စုံမှုရှိ-မရှိကို စစ်ဆေးခြင်း ရောင်းချနေသည့် ကုန်ပစ္စည်းအမျိုးအစား များအလိုက် (FDA)ခွင့်ပြုချက်ပါရှိမရှိ စစ်ဆေးခြင်း၊ ဆိုင်များ အတွင်းရှိ ဆိုင်ပိုင်ရှင်များအား အစားအ​သောက်ကုန်သွယ်​ရောင်းချသူများလိုက်နာရန်အချက်များ၊ ခွင့်မပြုဆိုး​ဆေးများ​ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခြင်းနှင့် အသိပညာ​ပေးလက်ကမ်းစာ​စောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)