မိတ္ထီလာမြို့ရှိအုန်းသီးဈေးကွက်

Powered by Drupal

           မိတ္ထီလာမြို့သည် မြန်မာနိုင်ငံအလယ်ပိုင်းတွင်တည်ရှိပြီး အုန်းပင်စိုက်ပျိုးထွက်ရှိမှုနည်းသည့်အတွက် အုန်းသီးကို ရန်ကုန်မြို့မှတဆင့် ဝယ်ယူရောင်းချရကြောင်းသိရသည်။ မိတ္ထီလာမြို့၊ မြိုမဈေးသို့ ၂/၃ရက်ခြားတစ်ကြိမ်လျင် အုန်းသီးအလုံးရေအနေဖြင့် အခွံချွတ်ပြီး(၁၀၀၀)လုံးခန့်၊ ပွဲဝင်အုန်းသီး အလုံးရေ(၅၀၀)လုံးမှ (၁၀၀၀)လုံးခန့်ဝင်ရောက်လျက်ရှိပါသည်။ အုန်းသီးဈေးကွက်အနေဖြင့် အခွံချွတ်ပြီးအုန်းသီးမှာ မုန့်ပဲသရေစာပြုလုပ်ရန်အတွက် ဝယ်လိုအားရှိခြင်းကြောင့် ပုံမှန်အရောင်းဝယ်ဖြစ်ပြီး ပွဲဝင်အုန်းသီးမှာ ဝါမဝင်မှီ၊ ဝါကျွတ်ကာလများ၌ အိမ်တွင်းအုန်းဆွဲရန်၊ အလှူမင်္ဂလာပွဲများတွင် ကန်တော့ပွဲထိုးရန်တို့အတွက် ရောင်းပိုမိုတွင်ကျယ်ကြောင်းသိရသည်။ မိတ္ထီလာဈေးကွက်တွင် ရောင်းဝယ်ဖြစ်သော ဈေးနှုန်းများမှာ အခွံချွတ်အုန်းသီးမှာ အလုံးအကြီး/ အသေးပေါ်မူတည်၍ တစ်လုံး (၃၅၀၀-၅၀၀၀)ကျပ်၊ ပွဲဝင်အုန်းသီးမှာ (၆၀၀၀-၇၀၀၀)ကျပ်တို့ရှိကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မန္တလေး)