ဟာလာအသိအမှတ်ပြုလက်မှတ်များသည် ထုတ်ကုန်တန်ဖိုးကိုမြှင့်တင်ပေးပြီး စားသုံးသူများကို ကာကွယ်ပေးကြောင်း BPJPH ပြောကြား

Powered by Drupal

       အင်ဒိုနီးရှားနိုင်ငံ၏ Halal Product Assurance Organizing Agency (BPJPH) က ဟာလာအသိအမှတ်ပြုလက်မှတ်သည် ထုတ်ကုန်တန်ဖိုးကိုမြှင့်တင်ပေးပြီး စားသုံးသူများကို ကာကွယ်ပေးကာ အစိုးရသည်လည်း စီးပွားရေးလုပ်ငန်းရှင်များကြား ပိုမိုကျယ်ပြန့်သော နားလည်အသိရရှိစေရန် တွန်းအားပေး လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါသည်။  BPJPH ၏ ဒုတိယအကြီးအကဲဖြစ်သူ Afriansyah  Noor က အသိအမှတ်ပြုလက်မှတ်ရယူသည့်လုပ်ငန်းစဉ် များသည် ဥပဒေအရလိုအပ်သကဲ့သို့ ထုတ်ကုန်ယှဉ်ပြိုင်နိုင်စွမ်းကိုမြင့်တက်စေမည်ဖြစ်ကြောင်း၊ ဥပဒေနံပါတ် ၃၃-၂၀၁၄ အရ ဟာလာအသိအမှတ်ပြုလက်မှတ်ရယူခြင်းသည် အင်ဒိုနီးရှားတွင် ကုန်ပစ္စည်းများဖြန့်ဖြူးနေသည့် စီးပွားရေးလုပ်ငန်းအားလုံးအတွက် မဖြစ်မနေဆောင်ရွက်ရမည့် စည်းမျဉ်းဖြစ်ကြောင်းနှင့် အစိုးရသည်လည်း အစားအစာနှင့် အလှကုန်အစရှိသည့်ကဏ္ဍများတွင် ဟာလာစံနှုန်းများနှင့်ပတ်သတ်၍ နားလည်သဘောပေါက်မှုအသိရှိစေရန် ဒေသများတွင် ပညာ ပေးရန်ကြိုးပမ်းအားထုတ်သင့်ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၆ ခုနှစ်မှ၍ အလှကုန်အားလုံး သည်ဟာလာအသိအမှတ်ပြုလက်မှတ်ရှိရမည်ဖြစ်ပြီး ထုတ်ကုန်အားလုံးသည် ၎င်းတို့၏ဟာလာ အဆင့်အတန်းကို ရှင်းလင်းစွာဖော်ပြရမည်ဖြစ်ကြောင်း သိရပါသည်။ ထိုကြိုးပမ်းအားထုတ်မှုများ ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် BPJPH သည် အင်ဒိုနီးရှား ကြက်ဘဲမွေးမြူရေးသမားများအသင်း နှင့်ပူးပေါင်း၍ Kwala Bingai၊ Stabat Subdistrict၊ Langkat District နှင့် North Sumatra တို့ တွင်  ပညာပေးဆောင်ရွက်မှုများပြုလုပ်သွားမည်ဟု သိရပါသည်။ ကြက်ဘဲမွေးမြူရေးသမားများ နှင့် ပတ်သတ်၍ Afriansyah က ပြုပြင်ထုတ်လုပ်ထားသည့်ကြက်ဘဲနှင့် ဥများကဲ့သို့ထုတ်ကုန် များတွင် ဟာလာ၏အရေးပါမှုကိုအသားပေးပြောကြားခဲ့ပြီး ဟာလာအသိမှတ်ပြုလက်မှတ်ရရှိ ခြင်းသည် အရည်အသွေး၊ ကျန်းမာရေးညီညွတ်မှုနှင့် သန့်ရှင်းမှုတို့အတွက် အာမခံချက်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။ အခမ်းအနားတွင် BPJPH သည် အငယ်စားနှင့် အသေးစားလုပ်ငန်း များအတွက် ဟာလာအသိအမှတ်ပြုလက်မှတ်အခမဲ့ထုတ်ပေးမည့် အစိုးရ၏ပရိုဂရမ်ကို ကြေညာခဲ့ကြောင်း သိရပါသည်။

DOCA (ရန်ကုန်)