မိတ္ထီလာဘိလပ်မြေဈေးကွက်

Powered by Drupal

         မိတ္ထီလာဈေးကွက်အတွင်း ယခုစက်တင်ဘာ လပထမအပတ်တွင် အပါချီဘိလပ်မြေ တစ်အိတ်လျှင် (၁၅၀၀၀)ကျပ်၊ ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင်(၁၇၀၀၀)ကျပ်၊ Alpha ဘိလပ်မြေတစ်အိတ် လျှင်(၁၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့် ကာလတူ နှိုင်းယှဉ်လျှင် အပါချီဘိလပ်မြေတစ်အိတ်လျှင်(၃၀၀၀)ကျပ်၊ ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင် (၁၀၀၀)ကျပ်၊ Alpha ဘိလပ်မြေတစ်အိတ်လျှင်(၃၀၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်းသိရသည်။ မိုးရာသီဖြစ်၍ ဆောက်လုပ်ရေးလုပ်ငန်းများမှအဝယ်နည်းသဖြင့် အရောင်းအဝယ်ပါး၍ ဈေးငြိမ်နေ ကြောင်း၊ ဈေးကွက်အနေဖြင့် မိတ္ထီလာမြို့သို့ သာစည်မြို့နယ်၊ ပြည်ညောင် ကျေးရွာမှ အပါချီဘိလပ်မြေ၊ ကျောက်ဆည်မြို့မှ ကြံ့နှစ်ကောင်နှင့် Alpha ဘိလပ်မြေများဝင်ရောက်ပြီး၊ မိတ္ထီလာမြို့မှ သာစည်၊ ဝမ်းတွင်း၊ မလှိုင်မြို့နယ်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ဈေးကွက်မှသိရသည်။

DOCA(မန္တလေး)