
မြန်မာနိုင်ငံသည် ၂၀၂၅ ခုနှစ် ဧပြီလမှ ဇူလိုင်လအထိ ပျားရည်တန်ချိန် ၇၀၀ကျော် တင်ပို့ခဲ့ ရာ အမေရိကန်ဒေါ်လာ ၁.၀၆ သန်း ရရှိခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနလက်အောက်ရှိ ပျားမွေးမြူရေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ ၄ ရက်နေ့က ပြောကြားခဲ့ပါသည်။
၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်သည် ပျားရည်တန်ချိန် ၁၈၀၀ ကျော် တင်ပို့နိုင်ခဲ့ ကြောင်း ၄င်းက ပြောကြားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့သည် ပျားရည်အများဆုံးထွက်ရှိသော ဒေသများဖြစ်ကြောင်း ဖြည့်စွပ်ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံ၏ ပျားရည်ထုတ်လုပ်မှုသည် နှစ်စဉ်တန်ချိန် ၄၀၀၀ ကျော်မည်ဟု ခန့်မှန်းထားပြီး ၆၀ ရာခိုင်နှုန်း ပြည်ပဈေးကွက်သို့ တင်ပို့ကြောင်း သတင်းရရှိပါသည်။
DOCA (ရန်ကုန်)