
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကိုအဓိကလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာမှ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နေကြာများစိုက်ပျိုးကြကြောင်း၊ ရမည်းသင်းမြို့နယ်တွင် မိုးနေကြာစိုက်ဧက ( ၄၂၀၈) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဦီးစီးဌာနစာရင်းအရ သိရှိရပါသည်။
မိုးနေကြာကို ဇွန်၊ ဇူလိုင်လများတွင် စိုက်ပျိုးကြပြီး စက်တင်ဘာ၊ အောက်တိုဘာလ များတွင်ရိတ်သိမ်းကြကြောင်း၊ မိုးနေကြာသီးနှံကိုသီးသန့်စိုက်ပျိုးကြကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ မြေပြုပြင်ခ၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကစုစုပေါင်း ငွေကျပ်( ၂ )သိန်းကျော် ကုန်ကျကြောင်း၊ မိုးနေကြာမှာ ယခင်နှစ် အထွက်နှုန်းအနေဖြင့်တစ်ဧကလျှင် (၂၄) တင်းခန့်ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းဆီကြိတ်စက်များသို့ အဓိကတင်ပို့ရောင်းချကြကြောင်း၊ ယခုအချိန်တွင် စိုက်ပျိုးထားသည့်မိုးနေကြာများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး၊ မိုးလေဝသနှင့် ရာသီဥတုကောင်းမွန်ပါက အထွက်နှုန်းကောင်းမွန်နိုင်ကြောင်း၊ နေကြာပေါ်ချိန်တွင်လည်း ဈေးနှုန်းကောင်းမွန်ပါက အကျိုးအမြတ်များစွာရရှိနိုင်မည်ဟု မျှော်မှန်ထားကြောင်း နေကြာစိုက်တောင်သူများ ထံမှသိရပါသည်။
DOCA(မန္တလေး)