
စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့စိုး၊ ဒုဉီးစီးမှူးပါ (၃)ဉီး၊ ဆီလုပ်ငန်းရှင်များအသင်းမှ ဉီးမျိုးကျော်ဆန်းတို့ပါဝင်လျက် အင်းစိန်မြို့နယ်၊ အင်းစိန်ဈေးရှိ ဒေါ်စန်းစန်းနွယ် လက်လီအရောင်းဆိုင်သို့ (၄.၉.၂၀၂၅)ရက်နေ့ နေ့လည်(၁၂:၀၀)အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် အမှတ်(၂၀၇)၊ မြေညီထပ် ဒေါ်စန်းစန်းနွယ်သို့ ရောက်ရှိခဲ့ရာ မိမိရရှိ သောခွဲတမ်းမှာ Than Thar Co., Ltd မှ ရရှိပြီး စားသုံးသူများသို့ နေ့စဉ်ပုံမှန်ရပ်ကွက် အလိုက်စာအုပ်စနစ်ဖြင့် နံနက်(၉)နာရီမှ (၄)နာရီထိ ရောင်းချပေးပါကြောင်း၊ အများပြည်သူများ မြင်သာအောင် ဈေးနှုန်းဆိုင်းဘုတ် Vinyl များကိုလည်း ချိတ်ဆွဲထားပါကြောင်း စစ်ဆေးတွေ့ ရှိရပြီး မိမိတို့ဌာနမှလည်းလုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများက ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချရန်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)