ဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)အတွက် သွားရောက်စစ်ဆေးခြင်း

Powered by Drupal

   (၂၆.၈.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးနေဝေယံဦး (လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်၍ နည်းပညာ ခေတ်တွင် အင်တာနက်သည် ပညာရေး၊ စီးပွားရေးနှင့် ဆက်သွယ်ရေးကဏ္ဍာ အားလုံးအတွက် အရည်အသွေးပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများ ရရှိစေခြင်းဖြင့် စားသုံးသူများ၏ နေ့စဉ်လူမှုဘဝကိစ္စရပ်များ အဆင်ပြေချောမွေ့စေရန်၊ အင်တာ နက်လိုင်းများ မကြာခဏပြတ်တောက်မှုအပေါ် စားသုံးသူစိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေး နိုင်မှုမရှိခြင်းတို့နှင့် စပ်လျဉ်း၍ တိုင်ကြားမှုအများဆုံး လက်ခံရရှိသည့်အတွက် ဆက်သွယ်ရေး ဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)ကဏ္ဍများအား စစ်ဆေးရန်ညွှန်ကြားထားမှုနှင့်ပတ်သက်၍ ပေါင်းလောင်း(၄)လမ်း၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ MM Link ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာ နက်ဝန်ဆောင်မှု)လုပ်ငန်းသို့လည်းကောင်း၊ (၄.၉.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန် တွင် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ Myanmar Net ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက် ဝန်ဆောင်မှု) လုပ်ငန်းသို့ လည်ကောင်း   သွားရောက်စစ်ဆေးအသိပညာပေးခဲ့ပါကြောင်း သတင်း ရရှိခဲ့ပါသည်။

DOCA(နေပြည်တော်)