ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

 (၅-၉-၂၀၂၅) ရက်နေ့၊ နံနက်(၁၀: ၀၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မြင့်မြင့်အေး (ဦးစီးမှူး)ဦးဆောင်၍ ဝန်ထမ်း(၂)ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်(ဈေးများဌာန)တို့ပူးပေါင်း၍  ပျဉ်းမနားမြို့နယ်၊ အာဟာရသုခဈေး အတွင်းရှိ  ကုန်မျိုးစုံအရောင်းဆိုင်များသို့သွားရောက်ပြီး မြန်မာဘာသာဖြင့်ဖော်ပြခြင်းဆိုင်ရာ ညွှန်ကြားချက်(၂/၂၀၁၉)ပါ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ဖော်ပြ ထားသောကုန်စည်များ ရောင်းချခြင်းရှိ/ မရှိအား စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံ မှန်ကန်မှုမရှိသည့် ကုန်ပစ္စည်းများ၊ တရားမဝင်ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရန် ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့၍ စားအုန်းဆီလက်ကားကိုယ်စားလှယ်များ စားအုန်းဆီဖြန့်ခွဲရောင်းချမှု အခြေအနေအား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

 DOCA (နေပြည်တော်)