နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၌ (၂-၉-၂၀၂၅) ရက်နေ့ နေ့လယ် (၃:၀၀) နာရီအချိန်တွင် နတ်တလင်းခရိုင်တာဝန်ခံနှင့် ဒု-ခရိုင်တာဝန်ခံတို့က နတ်တလင်း မြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီလက်ကား ရောင်းချနေသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဒု-ခရိုင်တာဝန်ခံ ဦးခင်မောင်ထွန်းက နတ်တလင်း မြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီ၊ လက္ကား ရောင်းချနေသော လုပ်ငန်းရှင်များကို ပြည်သူများသို့ ဆီရောင်းချရာတွင် Capital Connect ကုမ္ပဏီမှ Softwar စနစ်ထည့်သွင်း၍ ရောင်းချမည့် အစီအစဉ်အား ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ခရိုင်တာဝန်ခံ ဒေါ်အေးအေးသင်းက စားအုန်းဆီ ရောင်းချဖြန့်ဖြူးနေသော လက်လီ၊ လက္ကား လုပ်ငန်းရှင်များအား လိုက်ပါပူးပေါင်း ဆောင်ရွက်ပေးပါရန်နှင့် ခွဲတမ်းရရှိသောဆီများအား ပြည်သူလက်ဝယ်သို့ ရောက်ရှိရေး၊ ဈေးနှုန်းမှန်ကန်စေရေး၊ နေရာမှန်ကန်စေရေး၊ လက်လီ/လက္ကား စာရင်း မှန်ကန်စေရေး၊ အချိန်မှန်စေရေး၊ အရေအတွက်မှန်စေရေး၊ အချိန်အတွယ်နှင့် အရည်အသွေးမှန် စေရေးစသောမှန် (၆) မှန်နှင့် အညီဆောင်ရွက်ပေးရန် ဆွေနွေးခဲ့ရာ ကိုယ်စားလှယ်များမှ လည်းသိလို သည်များကို ပြန်လည် ဆွေးနွေးမေးမြန်းခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲသို့ ဆီလုပ်ငန်းရှင် (၁၅)ဦးတက်ရောက် ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)