
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၁.၉.၂၀၂၅)ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် မြန်အောင်မြို့ လက်ပံတာကြီးတန်းလမ်း၊ အမှတ်(၅)ရပ်ကွက်ရှိ Online စနစ်ဖြင့်ရောင်းချလျက်ရှိ လုပ်ငန်းရှင်များအား အွန်လိုင်းရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က Online စနစ်ဖြင့်ရောင်းချနေသော လုပ်ငန်း မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များ လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်း၊ မှတ်ပုံတင်လက်မှတ် လျှောက်ထားစဉ်က ရောင်းချရန် တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစား စာရင်း အတိုင်း ဖြည့်သွင်းရန်လိုအပ်ကြောင်း၊ အွန်လိုင်းမှတ်ပုံတင်လက်မှတ် လျှောက်ထားရာတွင် ကုန်သွယ် ရေးဦးစီးဌာနအနေဖြင့် လျှောက်လွှာပုံစံ၊ မှတ်ပုံတင်လက်မှတ်ပုံစံ၊ မှတ်ပုံတင်ကြေးနှင့် အွန်လိုင်း ဝန်ဆောင်ခတို့ကို သတ်မှတ်ထားပြီး၊ မည်သည့်စီးပွားရေးလုပ်ငန်းရှင် မဆို အွန်လိုင်းမှတ်ပုံတင် လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရအရေးယူခံရမည်ဟု ထုတ်ပြန်ကြေညာထားကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များ၊ အစားအသောက်ကုန်စည်ရောင်းချရာတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာ ဖော်ပြရန်နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သတ်မှတ် ထုတ်ပြန် ထားသော လမ်းညွှန်ချက်များအတိုင်းလိုက်နာဆောင်ရွက်စေရေး အသိပညာပေးခြင်း၊ စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
DOCA (ဧရာဝတီ)