ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးခန်မတွင် စားအုန်းဆီဖြန့်ဖြူးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေးခန်းမ(၂)တွင် စက်တင်ဘာလ ၄ရက်နေ့ တိုင်းဒေသကြီးအစိုးအဖွဲ့ စီးပွားရေးရာဝန်ကြီးဦးဆောင်၍ တိုင်းဒေသကြီးစားအုန်းဆီဖြန့်ဖြူးရေး လုပ်ငန်းကြီးကြပ်ရေးကော်မတီ ၂/၂၀၂၅ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါသည်။

 တိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦးကအဖွင့်အမှာစကားပြောကြား၍ တိုင်းဒေသကြီးအထွေထွေ အုပ် ချုပ်ရေးဦးစီးဌာန၊ အတွင်းရေးမှူးမှစားအုန်းဆီများ စနစ်တကျ ရောင်းချရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပါသည်။တိုင်းဒေသကြီးဦးစီးမှူးမှ တိုင်းအတွင်း ဆီရရှိမှုကုမ္ဗဏီ၁၄ခုမှဖြန့်ဖြူးရောင်းချမှု၊ဖြန့်ဖြူးသည့်လက်ကားလက်လီကိုယ်စားလှယ်များ ခန့်ထား ဆောင်ရွက်မှုကျေးလက်ဒေသအတွင်း ရောင်းချနိုင်မှုအခြေအနေနှင့်လိုက်ရောညီထွေမှုအဖတ်ဖတ်က ဟန်ချက်ညီညီရောင်းချပေးရန်ဆီစာအုပ်ဖြင့်စနစ်တကျရောင်းချနိုင်ရေးအခြေခံရည်ညွှန်းဈေးဖြင့်ရောင်းချရန် အားလုံးဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်နိုင်ရေးဆီအသင်းများပြန်လည်ဖွဲ့စည်းနိုင်ရေးဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)