ပန်းတနော်မြို့တွင်း ရောင်းချနေသော စားသုံးဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြို့မဈေးနှင့် မြို့ပေါ်များရှိ စတိုးဆိုင်များ တွင်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ  ကုန်စည်များ၌ ကုန်အညွှန်းအမှတ် ပြည့်စုံစွာပါရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို (.၉.၂၀၂၃) ရက်နေ့နံနက်  (၀၉၃၀) နာရီခွဲအချိန်က စစ်ဆေးခဲ့ကြောင်းသိ ရသည်။

   အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် မိတ်ဖက်ဌာနများမှ တာဝန်ရှိသူများနှင့်အတူ ပန်းတနော် ဈေးကွက်အတွင်းရှိ ဟင်းသီးဟင်းရွက်ဆီ(Vegetable Oil, Cooking Oil) နှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကုန်စည်၏အမျိုးအမည်ကိုတိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရန်နှင့် အရွယ်အစား၊ အသားတင်ပမာ ဏတို့အား ဖော်ပြရန်လိုအပ်ခြင်းနှင့် ၎င်းကုန်အညွှန်းအမှတ်အသား ဖော်ပြချက်တို့နှင့်ကိုက်ညီသော စားသုံး ဆီများကိုသာ ရောင်းချစေရေး စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင် ရွက်ရန် ညွှန်ကြားချက်တို့အား အသိပေးရှင်းလင်းပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)