စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်ခြင်း

Powered by Drupal

     ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာနခန်းမတွင် Talk Show အစီအစဉ်အား ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ ၎င်း Talk Show အစီအစဉ်တွင် စားသုံးသူကာကွယ်ရေးပေါ်ပေါက်လာပုံသမိုင်းကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း၊  စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စားသုံးသူများသည် ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြား နိုင်သည့်နည်းလမ်းများ အကြောင်း ရှင်းလင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။

DOCA(ရှမ်း)