
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ဦးစားပေးဈေးကွက်စောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်ဖြစ်သည့် အစားအသောက် ရောင်းချသည့်ဝန်ဆောင်မှု၊ ဆက်သွယ်ရေးဝန်ဆောင်မှု ( အင်တာနက်ဝန်ဆောင်မှု )နှင့်သယ်ယူ ပို့ဆောင်ရေးဝန်ဆောင်မှုတို့အား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၅) တွင် သတ်မှတ်အချိန်ကာလအတွင်း ဦးစားပေးဈေးကွက်စောင့်ကြည့် စစ်ဆေးရန် ဆုံးဖြတ်ချက်အရ ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍအား ဩဂုတ်လမှ နိုဝင်ဘာလ အထိ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးလျက်ရှိကြောင်း သိရှိရ ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးတို့အတွက် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လမှ နိုဝင်ဘာလထိ ဆက်သွယ်ရေးဝန်ဆောင်မှု ( အင်တာနက်ဝန်ဆောင်မှု ) ( ၉ ) ခု အား စစ်ဆေးဆောင်ရွက်ခဲ့ရာ ဝန်ဆောင်မှု (၉)ခုတို့သည် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်မှ ဆက်သွယ်ရေး ဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်) နှင့်စပ်လျဉ်း၍ ဦးစားပေးစစ်ဆေးရန် လမ်းညွှန်ထားသည့် အချက်အလက်များ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်း အော်ပရေတာများသို့ ညွှန်ကြားထားသည့် အချက်အလက်များနှင့် လိုက်နာဆောင်ရွက်မှုရှိကြောင်း၊ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု)များအား မိတ်ဖက်ဌာနများနှင့် သွားရောက် စစ်ဆေးပြီး ဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများသို့ ညွှန်ကြားထားသည့် သိသင့်သိ ထိုက်သည့်အချက်အလက်များအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)