ကန့်ဘလူမြို့ရှိ အညာဒေသထွက် ထန်းလျက်ဈေးနှုန်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့ရှိ ကုန်စုံဆိုင်များတွင် ကြံသကာ၊ ရေဦးထန်းလျက်၊ ရေဦးပေါက်ပေါက်ဆုပ်၊ မြေပဲယို၊ နှမ်းယိုနှင့် ထန်းလျက်များ ရောင်းချလျက်ရှိရာ ထန်းလျက်များကို ရေဦးမြို့နှင့် ရွှေဘိုမြို့လက်လီ/လက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရ သည်။

    ၂၀၂၅ ခုနှစ်၊  စက်တင်ဘာလ ပထမပတ်တွင် ရောင်းချလျက်ရှိသော ထန်းလျက် ဈေးနှုန်းမှာ ကြက်မင်းကြီး()ပိဿာ (၆၅၀၀)ကျပ်၊ ဝါးတော()ပိဿာ (၆၀၀၀)ကျပ်၊ စမုံထန်းလျက်() ပိဿာလျှင် (၉၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ထန်းလျက်ကို အစားအသောက်များ ချက်ပြုတ်ရာတွင်လည်းကောင်း၊ တိုင်းရင်းဆေး ဖော်စပ်ရာတွင်လည်းကောင်း၊ မုန့်လုပ်ရာတွင်လည်းကောင်း အသုံးပြုကြသည့်အတွက် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)