
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက် ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ အပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင် ဦးစီးမှူး ဦးဆောင်၍ ၂၀၂၅ခုနှစ်၊ ဩဂုတ်လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းအား (၄) ကြိမ် ဆောင်ရွက်ခဲ့ပါသည်။
ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၅ခုနှစ် ဩဂုတ်လအတွင်း စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံခြင်း (၄) ကြိမ် ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် (၅.၈.၂၀၂၅)စားသောက်ဆိုင်လုပ်ငန်းရှင် ၊ (၁၁.၈.၂၀၂၅)ရက်နေ့တွင် မုန့်မျိုးစုံလုပ်ငန်းရှင်၊ (၁၃.၈.၂၀၂၅) ရက်နေ့တွင် မြတ်မေတ္တာမွန် (စက်သုံးဆီ)ရောင်းဝယ်ရေးလုပ်ငန်းရှင်၊(၁၈.၈.၂၀၂၅)ရက်နေ့တွင် စားသောက်ကုန်လုပ် ငန်းရှင်တို့နှင့် တွေ့ဆုံ ဆွေးနွေးပြီး စားသုံးသူ ကာကွယ်ရေးဥပဒေ၊ အမိန့် ၊ ညွှန်ကြားချက်များကို ဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (စစ်ကိုင်း)