
ဧရာဝတီတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ၊ ဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်တို့ဦးဆောင်၍ (၃၀.၈.၂၀၂၅) ရက်နေ့ ၊ နံနက် (၉:၀၀) နာရီ၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ပုသိမ်ခရိုင်အတွင်းရှိ ပုသိမ်မြို့နယ် ၊ ကန်ကြီးထောင့်မြို့နယ်၊ ငပုတောမြို့နယ်နှင့် သာပေါင်းမြို့နယ်ရှိ ဆီလက်ကား/လက်လီကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌ ၊ ဧရာဝတီတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယ တိုင်းဒေသကြီးဦးစီးမှူး ၊ ဧရာဝတီတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး အဖွဲ့ဝင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ၊ စည်ပင်သာယာရေးအဖွဲ့နှင့် ဆီလက်လီ/လက်ကား ကိုယ်စားလှယ် (၂၀၀) ဦး တက်ရောက်ခဲ့ပါသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦးမှ ဧရာဝတီတိုင်းအတွင်းကို စားအုန်းဆီဖြန့်ဖြူးသည့် ကုမ္ပဏီ (၁၄) ခုက (၁) လကို စားအုန်းဆီ တန်ချိန် (၃၆၀၀) ဖြန့်ဖြူး ရောင်းချပေးလျက်ရှိပြီး၊ လက်ကား၊ လက်လီ ကိုယ်စားလှယ်များမှ စားသုံးသူပြည်သူများထံသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါကြောင်း၊ စားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်းများ စနစ်တကျ မှန်ကန်မှုရှိစေရေးအတွက်ရည်ရွယ်ကြောင်း အဖွင့်အမှာစကားပြောကြား ခဲ့ပါသည်။ စားသုံးသူဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ရှင်းလင်းဆွေးနွေးရာတွင် စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရောင်းရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများ ဆန်၊ ဆီ ကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်နေရပါကြောင်း၊ စားသုံးဆီအား အခြေခံ စားသုံးသူများ လုံလောက်စွာသုံးစွဲနိုင်စေရန် နိုင်ငံတော်အကြီးအကဲမှ ဖြန့်ဝေပေးခြင်း ဖြစ် ကြောင်း၊ စားအုန်းဆီ သုံးစွဲမှုအပေါ်တွင် စားသုံးသူများ ကျန်းမာရေးအန္တရာယ်ရှိသည့်အတွက် ဆီသုံးစွဲမှု လျော့ချနိုင်စေဖို့ စားအုန်းဆီ အစားထိုးဆီထွက်သီးနှံများလည်း စိုက်ပျိုးရန် လိုအပ်ပါကြောင်းနှင့် ပြည်သူ့အတွက် ဖြန့်ဖြူးတဲ့ စားအုန်းဆီဈေးနှုန်း ချိုသာစွာဖြင့် ပြည်သူ့လက်ထဲရရှိရန်လိုအပ်ပကြောင်း၊ စက်မှု ကုန်ကြမ်းဆီအနေနဲ့ လွယ်ကူစွာရရှိအောင် ဆောင်ရွက်နေပါကြောင်း၊ စားသုံးသူပြည်သူ့လက်ထဲသို့ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ရောက်ရှိဖို့ လိုအပ်ပါကြောင်း၊ စားသုံးသူပြည်သူလက်ထဲသို့ ဈေးနှုန်းအမြင့်ဖြင့် ရောက်ရှိပါက ဥပဒေတွင် ပြဌာန်းထားသော အရေးကြီးကုန်စည်ဥပဒေနှင့် တရားစွဲဆိုမည် ဖြစ်ကြောင်း၊ ဆီစာအုပ်များ စနစ်တကျ စစ်ဆေးဆောင်ရွက်ပြီး ဧရာဝတီတိုင်းမှ အခြားတိုင်းသို့ ပြောင်းပြီး စစ်ဆေးမည်ဖြစ်ပြီး၊ အခြားတိုင်းမှ ဧရာဝတီတိုင်းသို့ စစ်ဆေးရမည်ဖြစ်ကြောင်းပြောကြားခဲ့ ပါသည်။
မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌမှ ဆွေးနွေးပြောကြားရာ တွင် ကုမ္ပဏီများမှ လက်လီ၊ လက်ကား ကိုယ်စားလှယ်များခန့်အပ်ကာ ဖြန့်ဖြူးဆောင်ရွက် လျက်ရှိပါကြောင်း၊ လက်ကားမှ လက်လီသို့ ဖြန့်ဖြူးသည့်အခါ သတ်မှတ်အရေအတွက် အတိုင်း မှန်မှန်ကန်ကန် ဖြန့်ဖြူးပေးဖို့ အဓိက လိုအပ်ပါကြောင်း၊ နိုင်ငံခြားငွေလဲလှယ်ဝယ်ယူရခြင်း ဖြစ်ပါကြောင်း၊ ကုမ္ပဏီများမှ တင်သွင်းလာသည့်ဆီများအား စေတနာထားပြီး ရိုးသားစွာ ရောင်းချပေးလျင် လူဦးရေ (၃၅) သန်းခန့်မှ လောက်ငှပါကြောင်း ပြောကြားခဲ့ပြီးနောက် မြန်မာ နိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌမှ ဆွေးနွေးပြောကြားရာတွင် ဆီလုပ်ငန်းရှင်များအသင်းအဖွဲ့များအား ဖွဲ့စည်းဆောင်ရွက်ထားပါကြောင်း၊ ဆီရောင်းချသည့် သူတိုင်း အသင်းဝင်ရပါမည်ဖြစ်ပါကြောင်း၊ အသင်းဝင်အားလုံးကို ဆီခွဲတမ်းပေးခြင်း မဟုတ်ပါ ကြောင်း၊ အသင်းအဖွဲ့များ ဖွဲ့စည်းထားရှိတဲ့အတွက် မိမိတိုင်း/ ခရိုင်ကို ဆီမည်မျှ အဝင်ရှိကြောင်း သိရှိနိုင်မှာဖြစ်ပါကြောင်း၊ ဆီထွက်သီးနှံများ စိုက်ပျိုးနိုင်ရန်အတွက် အသင်းတာဝန် ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီးပွားရေးရာဝန်ကြီးမှ နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် အစည်းအဝေးကို တက်ရောက်လာကြသည့် စားအုန်းဆီ လက်ကား/ လက်လီအရောင်း ကိုယ်စားလှယ်များ အနေဖြင့်လည်း မိမိတို့ရရှိသည့် စားအုန်းဆီခွဲတမ်းအရေအတွက်များကို စားသုံးသူ ပြည်သူများထံသို့ သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချကြ ပေးစေလိုပါကြောင်းနှင့် စားအုန်းဆီဖြန့်ဖြူးမှုလုပ်ငန်းစဉ် တလျောက် စနစ်တကျ မှန်ကန်စွာ ဆောင်ရွက် ပေးစေလိုပါကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)