တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ အစည်းအဝေးခန်းမ (၂) တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ၊ ဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦးနှင့် စားသုံးသူရေးရာဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်တို့ဦးဆောင်၍ (၂၉.၈.၂၀၂၅) ရက်နေ့ ၊ နေ့လယ် (၁၄:၀၀) နာရီ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌ ၊ ဧရာဝတီတိုင်းဒေသကြီးစားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ၊ ဧရာဝတီတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

      ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ၊ ဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦးမှ အဖွင့်အမှာ စကားပြောကြားခြင်း ၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်မှ ဆွေးနွေး ခြင်း ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌမှ ဆွေးနွေး ပြောကြားခြင်းနှင့် စားသုံးရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ တိုင်းဒေသကြီးအတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချမှု ကိစ္စရပ်များနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)