အမှတ်(၁၂)အခြေခံပညာအလယ်တန်းကျောင်းတွင်စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေ သကြီး ဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ရေးဥပဒေပါလုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သည့် စားသုံးသူကာကွယ်ရေး လုပ်ငန်းနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သတင်းအချက်အလက်များဖြန့်ဝေခြင်း တို့ကို ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းများကို သက်ဆိုင်ရာနယ်ပယ်အသီးသီးအလိုက် ဟောပြောဆောင်ရွက်လျက်ရှိရာ (၁၉-၈-၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန် တွင် မဟာအောင်မြေမြို့နယ်၊ အမှတ်(၁၂) အခြေခံပညာ အလယ်တန်းကျောင်းတွင် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ (၁၅၀)ဦးအား စားသုံးသူကာကွယ်ရေးနှင့်ပတ်သတ်သော အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါသည်။

     အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ရာတွင် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှ (ဦးစီးအရာရှိ)ဒေါ်ခင်မာရီက စားသုံးသူကာကွယ်ရေးနှင့်ဥပဒေပေါ်ပေါက်လာပုံ၊စားသုံးသူနှင့် စီးပွားရေး လုပ်ငန်းရှင်တို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်ညွှန်းအမှတ် အသား ဖော်ပြခြင်းများအား ရှင်းလင်းဟောပြောခဲ့ပြီး Comsumer Call Center (1535) သို့ ဖုန်းခေါ်ဆို၍ တိုင်ကြားနိုင်ကြောင်းကို လက်တွေ့ခေါ်ဆို သရုပ်ပြခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မန္တလေး)