မဟာအောင်မြေမြို့နယ်၊ အ.ထ.က (၃) တွင် အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ ကာကွယ်ရေးဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အသိပညာပေးဟောပြော ခြင်းများ စဉ်ဆက်မပြတ်ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ (၁၄-၈-၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင်  မဟာအောင်မြေမြို့နယ်၊ အ.ထ.က (၃) တွင် ကျောင်းသား/သူ(၁၀၀)ဦးခန့်အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

     ဟောပြောပွဲတွင် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးပါက တိုင်ကြားနိုင်သည့် နယ်ပယ်များအကြောင်း ပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)