အောင်မြင့်မိုရ်ပဲကြော်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊  ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံရုံးအနေဖြင့် မြို့နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဥပဒေများနှင့် အညီထုတ်လုပ်နိုင်စေရေးအတွက်  ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရှိရာ (၁၁.၈.၂၀၂၅) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ကျောက်ပန်းတောင်းမြို့၊ သာယာအေးရပ်ကွက်ရှိ အောင်မြင့်မိုရ် အမှတ်တံဆိပ် ပဲကြော်လုပ်ငန်းခွင်သို့ ကွင်းဆင်းခဲ့ပါသည်။

           ကွင်းဆင်းဆောင်ရွက်မှုတွင် မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)က MSME လုပ်ငန်း များဖွံဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းသုံး စားအုန်းဆီများကိုလည်း လုပ်ငန်းခွင်များတွင် မှန်ကန်စွာသုံးစွဲရ မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်ကုန်ကြမ်းပစ္စည်းများသည် အရည်အသွေးကောင်းမွန်မှုရှိရန်၊ မိမိတို့ထုတ်လုပ်သော ကုန်ပစ္စည်းများကို သန့်ရှင်းသပ်ရပ်စွာဖြင့်ထုတ်လုပ်၍ ကျန်းမာရေးနှင့်ညီညွတ်ရန် အထူးအလေးထားလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ကုန်စည်နှင့်သက်ဆိုင်သည့် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရမည် ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေးနှင့် သက်ဆိုင်ရာဌာနများ၏ ပြဌာန်းချက်များကိုလည်း လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း အသိပညာပေး၍ ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်းနှင့် ဆက်လက်၍လည်း ဒေသအတွင်းရှိ MSME လုပ်ငန်းခွင်များသို့ စဉ်ဆက်မပြတ် ကွင်းဆင်းစိစစ်မှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA(မန္တလေး)