မုံရွာခရိုင်ပြန်/ဆက်တွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာမြန်မာဆန်စပါးအွန်လိုင်း(My Ro)  အကြောင်းအသိပညာပေး Talk Show   ပြုလုပ်

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန မှလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မာဦးသည် (၂၅.၈.၂၀၂၅) ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနတို့နှင့် ပူးပေါင်းကာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဆန်စက်၊ဆန်ကုန်သည် များအား မုံရွာခရိုင်၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာမြန်မာဆန်စပါးအွန်လိုင်း(My Ro) အကြောင်းအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

             ထိုသို့ပြောဆွေးနွေးရာတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး က ဆန်စပါးသို လှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာမြန်မာဆန်စပါးအွန်လိုင်း(My Ro)အကြောင်း  အသိပညာပေး Talk Show ပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးက မြန်မာဆန်စပါးအွန်လိုင်း(My Ro)တည်ထောင်ရခြင်း၏ ရည်မှန်းချက်များ၊စပါး/ဆန် များတင်း အလိုက် တန် အလိုက် သိုလှောင်မှုပမာဏအလိုက် မှတ်ပုံတင်ရမည့်အစီအစဉ်များ၊ သတ်မှတ်နှုန်းထားများ၊ မှတ်ပုံ တင်ပြီးပါက လုပ်ငန်းရှင်များလိုက်နာဖြည့်သွင်းရမည့်လုပ်ငန်းစဉ်များနှင့်ဌာနမှထုတ်ပြန်ထားသောအမိန့် ညွှန်ကြား ချက်များ၊ ဆန်စပါးသိုလှောင်ရုံများနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်ပေးမှုများ၊စစ်ကိုင်းတိုင်းဒေသကြီး အတွင်း (My Ro)တွင် မှတ်ပုံထားသော  ဆန်စက်၊ဆန်သိုလှောင်ရုံအရေအတွက်များနှင့် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်းအသိပညာပေး ဆွေးနွေးခဲ့ သည်ဟု သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)