“နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)ပင်စင်စားများအား စားအုန်းဆီရောင်းချပေးခြင်း”

Powered by Drupal

       ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဒုတိယပြည်နယ်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယပြည်နယ်ဉီးစီးမှူးမှကြီးကြပ်၍ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)ပင်စင်စားများအား မြန်မာ့စီးပွားရေးဘဏ်၊လားရှိုးမြို့တွင် လစဉ်ပင်စင် ထုတ်ပေးသည့်(၂၁)ရက် နေ့မှစတင်၍ စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း နံနက် (၇)နာရီမှစတင် ‌‌ရောင်းချပေးလျက်ရှိက‌ကြောင်း သိရပါသည်။

          နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)ပင်စင်စား တစ်ဦးလျှင်(၁)ပိဿာနှုန်းဖြင့် စားအုန်းဆီများကို ရောင်းချပေးနေကြောင်းသိရပါသည်။‌ရောင်းချပေးသည့် စားအုန်းဆီဈေးနှုန်းမှာ ဒေါ်လာအတက်/ အကျပေါ်မူတည်ပြီး အပတ်စဉ်တူညီမှုမရှိဘဲ အပြောင်းအလဲရှိကြောင်းနှင့် ပြောင်းလဲသွားသည့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)