သထုံမြို့နယ်တာဝန်ခံသည် ဆက်သွယ်ရေးဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ၂၅.၈.၂၀၂၅ ရက်နေ့ နေ့လယ် (၁၁း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆက်သွယ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူး‌ပေါင်း၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင် ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများသို့ စစ်ဆေးရမည့်အချက်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ စစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြည်သူများသို့ ဆက်သွယ်ရေးဝန်ဆောင်မှုပေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်များလိုက်နာရမည့်အချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ဆက်သွယ်ရေးဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့်မိုဘိုင်းအော်ပရေတာများသို့ လိုက်နာဆောင်ရွက်ရမည့် အချက်များအား ပြောကြားခဲ့ကြောင်း သိရသည်။

DOCA (မွန်)