ကျိုက်ထိုမြို့နယ်သို့ ရန်ကုန်မြို့ရှိ၊ စားအုန်းဆီကုမ္ပဏီများမှ စားအုန်းဆီပေပါများ ရောက်ရှိလာမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

        မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင် တာဝန်ခံနှင့်် မြို့နယ်တာဝန်ခံတို့သည် ၂၂.၈.၂၀၂၅ ရက်နေ့ ညနေ (၁၆း၀၀) နာရီအချိန်တွင် စားအုန်းဆီ ကိုယ်စာလှယ်များထံသို့ Kaung Hlyan New Asia ကုမ္ပဏီမှ ယာဥ်မောင်း ဦးအောင်ဆန်းမြင့် မောင်းနှင်သော ယာဥ်အမှတ် 5B-9131 မော်တော်ယာဥ်ဖြင့် စားအုန်းဆီ (၅၃) ပေပါရောက်ရှိမှုအား သွားရောက်စစ်ဆေးခဲ့ပါသည်။

     ထို့သို့စစ်ဆေးရာတွင် ခရိုင်တာဝန်ခံက အဆိုပါစားအုန်းဆီများကို ကျိုက်ထိုမြို့နယ် အတွင်း ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း‌ရောင်းချရန်၊ လေးချိန်ပြည့်မီစေရေး၊ သတ်မှတ်ဗီနိုင်းချိတ်ဆွဲရောင်းချရန် ပြောကြားခဲ့ကြောင်း သိရသည်။

DOCA (မွန်)