ကျိုက်ထိုခရိုင်တာဝန်ခံနှင့်မြို့နယ်တာဝန်ခံတို့သည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပသော ခရိုင်၊ မြို့နယ်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

Powered by Drupal

       မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်တာဝန်ခံနှင့် မြို့နယ် တာဝန်ခံတို့သည် ၂၂.၈.၂၀၂၅ ရက်နေ့ နံနက် (၀၉း၃၀) နာရီအချိန်တွင် ကျိုက်ထိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လုံခြုံရေးနှင့်သတင်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

      အစည်းအဝေးတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်က ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးပြီး အခြားဌာနဆိုင်ရာများက ဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များအား အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး အစည်းအဝေးအား နေ့လယ် (၁၁း၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

DOCA (မွန်)