မော်လမြိုင်မြို့အတွင်းရှိ ဆန်ဆိုင်များအား ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ၂၅.၈.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်လမြိုင်မြို့နယ်၊ ဈေးကြို ရပ်ကွက်၊ ရတနာထွန်းပွဲရုံအတွင်းရှိ ဆန်ဆိုင်များအား ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း အလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မော်လမြိုင်မြို့နယ်အတွင်းရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုအတွက် သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း မရှိပါကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA (မွန်)