မြန်မာနိုင်ငံဒူးရင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ ထားဝယ်ခရိုင်/(တနင်္သာရီတိုင်းဒေသကြီး) ဖွဲ့စည်းနိုင်ရေး တိုင်းဒေသကြီးဦးစီးမှူးအား လာရောက်တွေ့ဆုံခြင်း

Powered by Drupal

       ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မြန်မာနိုင်ငံဒူးရင်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ ထားဝယ်ခရိုင်/(တနင်္သာရီတိုင်းဒေသကြီး) ဖွဲ့စည်း နိုင်ရေး တိုင်းဒေသကြီးဦးစီးမှူးအား ဒူးရင်းသီးလုပ်ငန်းရှင်များမှ လာရောက်တွေ့ဆုံခဲ့ပါသည်။

    တွေ့ဆုံရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ဒူးရင်းသီးအစုအဖွဲ့ ဖွဲ့စည်းနိုင်ရေး ဒူးရင်းသီးစိုက်ပျိုး ထုတ်လုပ်တင်ပို့‌ရောင်းချသူများအား ကြိုတင်ဆက်သွယ်စုစည်းနိုင်ရေး၊ အသင်းအဖွဲ့ ဖွဲ့စည်းမည့် ကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)