ပြည်မြို့နယ်အတွင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွက် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ  စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၅.၈.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ပြည်မြို့ပေါ်ရှိ စားသောက်ကုန်လုပ်ငန်းထုတ်လုပ်ရောင်းချလျှက်ရှိသည့် လုပ်ငန်း ရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်းပါ ကုန်အညွှန်းအမှတ်အသားပြု လုပ်ခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ကုန်စည်၊ ဝန်ဆောင်မှုများ ထုတ်လုပ်ရောင်းချရန် အသိပညာ ပေးဆွေးနွေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားမပြည့်စုံပဲ ဈေးကွက်သို့ တင်ပို့ရောင်းချခြင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေဖြင့် အမှုနှင့်တရားစွဲဆို ဆောင်ရွက်နိုင်ပါကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြင့် မိမိ တို့၏ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ ထုတ်ပိုးမှုအပြင်အဆင်ပေါ်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံ မှန်ကန်မှုထည့်သွင်းလိုပါက တိုင်းဒေသကြီး/ ပြည်နယ်များရှိ စားသုံးသူရေးရာဦးစီးဌာနများတွင် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

DOCA(ပဲခူး)