
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီဌာနမှ အိမ်ဆောက်ပစ္စည်းရောင်းဝယ်လျက်ရှိသော ဆိုင်များသို့ဘိလပ်မြေဈေးနှုန်း ဈေးကွက်အခြေအနေ သိရှိစေရန် စားသုံးသူရေးရာဦးစီးဌာန ပြည်တွင်းတာဝန်ခံ ဒေါ်ခင်ခင်ထိုက်၊ လက်ပံတန်း မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် ဘိလပ်မြေဈေးနှုန်းမှန်ကန်စွာ ရောင်းချခြင်း ရှိ/မရှိ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ သိရှိစေရန်ဈေးကွက်စောင့်ကြည့်ခဲ့ပါသည်။ဘိလပ်မြေ ဈေးနှုန်းများမှာ အပါချီတစ်အိတ်လျှင် (၁၈၅၀၀)၊ကျပ်၊ အယ်ဖာတစ်အိတ်လျှင် (၁၈၃၀၀)ကျပ် ဈေးနှုန်းများဖြင့် ဈေးကွက်အတွင်း လိုသလောက်ရရှိပါကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)