တိုက်ကြီးမြို့နယ်၊ အ.မ.က (ကျောင်းစု)ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

     (၂.၉.၂၀၂၅)ရက်နေ့ နံနက်(၉:၃၀)အချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဉီးရှင်းခန့်ကိုကိုသည် တိုက်ကြီးမြို့နယ်ရှိ အခြေခံပညာမူလတန်း ကျောင်း (ကျောင်းစု)တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပါသည်။

      ထိုသို့ဟောပြောပွဲ ဆောင်ရွက်ရာတွင် အခြေခံပညာမူလတန်းကျောင်း(ကျောင်းစု)မှ ကျောင်းအုပ်ဆရာကြီး ဉီးအလိမ္မာက အဖွင့်အမှာစကားပြောကြားပြီး တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဉီးရှင်းခန့်ကိုကိုက စားသုံးသူ၏အဓိပ္ပါယ်၊ စားသုံးသူကာကွယ်ရေးဥပဒေပေါ်ပေါက်လာပုံ၊ စားသုံး သူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်၊ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများကို အကျယ် တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၄၇)ဉီး တက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။

 DOCA (ရန်ကုန်)