
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ဘူသီး၊ မုန်လာထုပ်၊ ပန်းမုံလာပွင့်၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး ၊ ပြောင်းဖူးများ ရောင်းချလျက်ရှိရာ ယခုအခါ ဘိုစားပဲသီးနှင့်ခါကြက်ဥများကို ကန့်ဘလူမြို့မဈေးတွင်ရောင်းချ လျက်ရှိပါသည်။ ဘိုစားပဲသီးနှင့်ခါကြက်ဥများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ခုနှစ် ၊စက်တင်ဘာလ ပထမပတ်အတွင်း ရောင်းချလျက်ရှိသော ဘိုစားပဲသီးဈေးနှုန်း များမှာ ဘိုစားပဲသီး(၁)ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ်၊ ခါကြက်ဥ(ဗမာ)(၁)ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၅၀၀၀) ကျပ်၊ (၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)