
၂၀၂၅ ခုနှစ် ဩဂုတ်လ (၃၁)ရက်နေ့ နံနက် (၁၁:၀၀) အချိန်တွင် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ ရုံးကြီးရပ်ကွက်ရှိ Family Hotel အစည်းအဝေးခန်းမ၌ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကော်မတီ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌတို့သည် ဟင်္သာတခရိုင်အတွင်း စားသုံးဆီဖြန့်ဖြူး သည့် ကုမ္ပဏီများနှင့် လက်ကား၊ လက်လီ အရောင်းကိုယ်စားလှယ်များအား တွေ့ဆုံ၍ ပြည်သူများသို့ စားအုန်းဆီကို သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးကြစေရေး၊ သတ်မှတ်ဈေးနှုန်းဖြင့်သာ ရောင်းချကြ စေရေးနှင့် စားသုံးဆီ ဖြန့်ဖြူးမှုလုပ်ငန်းကို မှန်ကန်စွာဆောင်ရွက်ရန် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လမ်းညွှန်မှာကြားခဲ့ပါသည်။
အဆိုပါ တွေ့ဆုံပွဲ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး စားသုံးဆီ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီး ကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ၊ စားသုံးသူရေးရာဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးနှင့် သက်ဆိုင်ရာခရိုင်အတွင်းရှိ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အဖွဲ့ဝင် များ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီဖြန့်ဖြူးရောင်းချလျက်ရှိသော ကုမ္ပဏီများ၊ ဟင်္သာတ ခရိုင် လက်ကား၊ လက်လီ ဆီအရောင်းကိုယ်စားလှယ်များ စုစုပေါင်း(၁၆၅)ဦး တက်ရောက်ခဲ့ကြကောင်း သတင်းရရှိပါသည်။
(DOCA ဧရာဝတီ)