ဇလွန်မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များမှ အိမ်ထောင်စုများအား ဆီစာအုပ်ဖြင့် ရောင်းချခြင်းအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၂၉.၈.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀) အချိန်တွင် သက်ဆိုင်ရာဌာနအဖွဲ့နှင့်အတူ ဇလွန်မြို့မဈေးအတွင်းရှိ ခွဲတမ်းရ စားသုံးဆီအရောင်းဆိုင် များအား သတ်မှတ်ရည်ညွှန်းဈေးထက်ဈေးနှုန်း မြှင့်တင်ရောင်းချမှု ရှိ/မရှိ၊ အိမ်ထောင်စုများ ဆီဝယ် ယူခွင့် စာအုပ်များဖြင့် ရောင်းချနေမှုများအား ကွင်းဆင်းစစ်ဆေးခြင်းကို   ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည် ခွဲတမ်းရ စားသုံးဆီ ကုန်စုံဆိုင်လုပ်ငန်းရှင်များ အနေဖြင့် စားအုန်းဆီရောင်းချရာတွင် ရပ်ကွက်၊ကျေးရွာနေပြည်သူများအား နှံ့နှံ့စပ်စပ် ရောင်းချပေး ရန်၊ ဆီရောင်းချရာတွင်လည်း Daily စာရင်းများပြုစုထားရှိပြီး သတ်မှတ်ရည်ညွှန်းဈေး ထက်မပိုပဲ မှန်မှန်ကန်ကန်ရောင်းချရန်၊ ဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးရေးသားထားသည့် ဗွီနိုင်းများကို ချိတ်ဆွဲထား၍ရောင်းချရန် စိစစ်ခဲ့ပြီး၊ စားသုံးဆီလက်လီ/ လက္ကားဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ် ရည်ညွှန်းဈေးနှုန်းဖြင့်သာ ရောင်းချလျက်ရှိပြီး၊ အိမ်ထောင်စုများအား ဆီစာအုပ်ဖြင့် ဖြန့်ဝေရောင်းချရာတွင်  တစ်ကြိမ်လျှင် တစ်အိမ်ထောင် (၅၀ ကျပ်သား) ရောင်းချပြီး တစ်လလျှင် (၂)ကြိမ် ရောင်းချ ကြောင်း ၊ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု သိရှိရပါသည်။

(DOCA ဧရာဝတီ)